Thursday 29 November 2012

Multi Color Menu Bar For Blogger


css3+light+menu 
css3+dark+menu
css3+light+menu 
css3+dark+menu

                Blogger ညီကိုများအတွက် Multi Color နဲ့ Menu Bar လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။
အရောင်တူကိုဘဲ စာလုံး အဖြူနဲ့ အမည်းနဲ့နှစ်မျိုးကို Code နှစ်ခုတင်ပေးလိုက်တယ်နော်။ သဘောကျ
တဲ့ Menu Bar ပုံစံကိုရွေးချယ်အသုံးပြုနိုင်ပါတယ်ဗျာ။ ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း အောက်မှာအသေး
စိတ် လူတိုင်းနားလည်လွယ်အောင်ရှင်းပြပေးထားပါတယ်ဗျာ။ အဆင်ပြေကြပါစေနော်။


Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

Blogger များအတွက် Social Media Widget အလန်းလေး

 Cool Social Media Sharing Touch Me Widget
                        Blogger ညီအကိုများအတွက် မိမိရဲ့ Blog မှာ Social Media Widget ကိုဘဲ Animation
လေးနဲ့ ထည့်ချင်တဲ့သူငယ်ချင်းများအတွက် Code လေးတွေမျှဝေပေးလိုက်ပါတယ်ဗျာ။ နမူနာကို
တော့ Demo မပေးတော့ပါဘူး။ ပုံလေးကိုဘဲ  ကြည့်လိုက်နော်။ စိတ်ဝင်စားသော သူငယ်ချင်းများ
လည်း လိုက်လုပ်နိုင်အောင် ပုံလေးနဲ့ပါရှင်းပြထားပါတယ်နော်။အောက် Code မှာ ပြင်ရမယ့် Code
လေးတွေကိုလည်း အနီနဲ့ ရေးပေးထားတယ်နော်။ အဲဒါလေးတွေကိုတော့ပြင်ပေးဖို့လို့ပါတယ်။
လွယ်ပါတယ်ဗျာ။
Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

Blogger များတွက် Attractive Numbered Page Navigation Widget


 

                   ကိုယ်ပိုင်ဘလော့မှာ Number Page Navigation Widget လေးတွေထည့်ချင်သူများအ
တွက် Widget လှလှလေးသုံးခုကို Blogger ညီအကိုများအတွက်မျှဝေပေးလိုက်ပါတယ်ဗျာ။ အခုမှစပြီး
Blog ကိုစတင်ဖန်တီးပြီး မကျွမ်းကျင်သော သူငယ်ချင်းများပါ အဆင်ပြေပြေနဲ့ လိုက်လုပ်နိုင်အောင်
ပုံလေးတွေနဲ့ပါရှင်းပြပေးထားပါတယ်ဗျာ။ တော်တော်လေးလွယ်ပါတယ်။ အဆင်မပြေလည်း ကွန်မန့်
မှာ ပြန်ပြောခဲ့ပေးပါနော်။ ပုံမှာမြင်ရတဲ့ Widget သုံးမျိုးကိုမျှဝေပေးလိုက်ပါတယ်နော်။


Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

မိမိရဲ့ Blog မှာ Social Media Widget အလန်းလေးထည့်ချင်သူများအတွက်


                  Mail ထဲကနေပြီး Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ: ကတောင်းထားလို့ တောင်းထားတာ နှစ်ခါ
တောင်ရှိပြီဆိုတော့ ညတွင်းချင်းဘဲ တင်ပေးလိုက်ပါတယ်ဗျာ။ Blog တစ်ခုမှာတော့ Social Media
Widget တစ်ခုတော့ရှိထားရင်ကောင်းမယ်ထင်လို့ တင်ပေးလိုက်တာဖြစ်ပါတယ်။ ထည့်သွင်းရတာ
လည်း လွယ်ကူပါတယ်။ ဒီဇိုင်းလေးကလည်း လန်းတယ်နော် ဥပမာ Facebook ကို Mouse လေးနဲ့ ထိလိုက်တာနဲ့ ခွက်လေးက ဂျွမ်းတွေထိုးပြီးအရောင်ပြောင်းသွားတာနော် Blog ကိုစတင်လေ့လာ
နေသောသူငယ်ချင်းများပါ လိုက်လုပ်နိုင်အောင် အောက်မှာပုံနဲ့ တကွရှင်းပြပေးထားပါတယ်နော်။
 အဆင်ပြေကြပါစေဗျာ။ oscar လည်း အဆင်မပြေရင်ပြန်ပြောပါဦးဗျာ။ ကျွန်တော်လည်းနားလည်သ
လောက်လေးကိုပြန်လည်မျှဝေပေးလိုက်တာပါ။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

Blog မှာ Facebook ရဲ့ Like Box ထည့်သွင်းနည်း

                  Cbox မှာ Facebook ရဲ့ Like box ထည့်သွင်းနည်းတင်ပေးပါဆိုပြီး တော်တော်များများက
တောင်းနေလို့ ကျွန်တော်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။ ဒီနည်းလမ်းကလည်း ကျွန်တော်တက်လွန်း
လို့ လုပ်ထားတာမဟုတ်ပါဘူး အရင်ကလည်း ကျွန်တော်မလုပ်တက်လို့ မေးနေကြ အကိုသူငယ်ချင်း
တစ်ယောက်ဖြစ်တဲ့ ကိုဝင်ကျော်ကျာ် (၀င်ကမ္ဘာကျော်) ကိုမေးစမ်းပြီး သင်ထားတာပါ။ အခုလည်း
ကိုကျော်ရှင်းပြတဲ့ ပုံစံအတိုင်းဘဲ အခြားသောသူငယ်ချင်းများ အတွက် မျှဝေပေးလိုက်ပါတယ်ဗျာ။
ကနောင်သား လည်းအဆင်ပြေပါစေနော်။

Wednesday 28 November 2012

windows 8 တင်ဖို့စဉ်းစားနေရင် ခဏ။

 

                                                            (photo:wikipedia) 

windows 8 တင်ဖို့စဉ်းစားနေရင် ခဏရပ်လိုက်အုန်း၊ ကျွန်တော်ဖြစ်ခဲ့တာလေး ပြောပြအုန်းမယ်။ windows 8 မှာ myanmar unicode လဲပါလာတယ်လို့ ကြားတာရယ်၊ နောက်ဆုံးပေါ်ဖြစ်နေတဲ့ windows ကြောင့်ရယ်၊
အသစ်အဆန်းလေးကို သုံးခြင်တာတွေကြောင့် windows 8 တင်မယ်ဆိုရင် Microsoft.com ကနေ
windows 8 Customer Preview ကိုဒေါင်းတယ်ပြီးတော့ install ချလိုက်တယ်။  windows 8 ကို စသုံးသုံးချင်
မှာ သတိထားမိတာကတော့ Programe တွေအားလုံးက Full screen ဖြစ်သွားတယ် ပြီးတော့ file, edit, view စတဲ့  Menu bar တွေမရှိတော့ဘူး။ စတဲ့  ထူးခြားမှုတွေနဲ့ ရှုပ်ပြီးတော့ အသုံးပြုရတာ အဆင်မပြေဘူးလို့ဘဲ ပြောရမှာပေါ့။အကယ်၍ windows 8 ကိုဘဲ တက်ခြင်လို့ လေ့လာတင်ဆိုရင်တော့ ကောင်းပါတယ် ဒါမှမဟုတ်ဘဲ ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ computer မှာတင် မယ်ဆိုရင်တော့ စတဲ့  user unfriendly (အသုံးပြုနေကျ မဟုတ်ဘဲ တမူထူးခြားနေတဲ့ ဒီ windows 8 နဲ့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။) ကျွန်တော်အခု အထက်က ပြောခဲ့တဲ့ အချက်တွေက တော်ပါသေးတယ် ကျွန်တော် laptop မှာ အရင်အပတ် ကဘဲ windows 8 ကိုတင်လိုက်တာ ကျွန်တော်ရဲ့ D drive partition ကပျောက်ချင်းမလှပျောက်သွားပါလေရောဒါနဲ့ မဖြစ်သေးဘူး ဆိုပြီး windows 8 ကိုဖျတ်ပြီး windows 7 ကို အသစ်ပြန်တင်လိုက်တယ် ဒါလဲ မရသေးဘဲ D drive က လုံးဝကို ပြန်မပေါ်လာတော့ပါဘူး။ ကျွန်တော်ကရဲ့ D drive မှာ အားလုံးအရေးကြီး တဲ့data တွေကို ထည့်ထားတာဖြစ်ပြီး size ကလဲ C DRIVE ထက်ကြီးပါတယ်။ဆိုတော့ windows 7 ကနေပြီးတော့ drive ကို hide လုပ်တာ unhide လုပ်တာတွေကိုလဲ command prompt ကနေလုပ်လဲ ဘာမှမထူးလာဘူး။ ဒါနဲ့ command prompt မှာ diskpart > list volume  ဆိုပြီးတော့ ရှာပြန်တော့လဲ  D drive ကိုလုံးဝမတွေ့ရသေးပြန်ဘူး။ နောက်ဆုံးတဆင့် device manger က
နေ disk drives မှာ properties ကနေ volumes မှာသွားပြီး Populate ကိုနှိပ်လိုက်တော့
305257 MB ရှိနေတာကို တွေ့ရတယ် ဒါပေမဲ့လဲ အောက်က volumes မှာတော့ C: 98006 MB ကိုဘဲရှိတယ် ကျွန်တော်ရဲ့ D drive (220 GB) က ပျောက်ခြင်မလှပျောက်နေပါလေရော ဆိုတော့
ကျွန်တော် window Live cd , boot active cd စတာတွေနဲ့ ၀င်ပြီးတော့ data တွေကို copy ကူးလို့တော့
ရပါတယ်ရဲ့ ဒါပေမဲ့ ကျွန်တော်ရဲ့ D drive က C drive ထက်နှစ်ဆလောက်ကြီးပြီး D ထဲက data က 110 GB
ရှိတယ် C drive မှာက 98 Gb လောက်ဘဲ free space ကရှိပြန်တယ် ဆိုတော့ ...အခက်ကြုံပြီးပေါ့။
ဒီတော့ ကျွန်တော်လုပ်ရမဲ့ နည်းလမ်းက တမျိုးဘဲရှိတယ်တာက D drive ကို format မရိုက်ဘဲ၊ RAW file
format ကနေပြီးတော့ NTFS ပြန်ပြောင်းရမှာ ဖြစ်ပါတယ် ဒီအတွက် ကိုတော့ TeskDisk လို့ခေါ်တဲ့
http://www.cgsecurity.org/wiki/TestDisk  software လေးနဲ့ဘဲ လုပ်ရတော့မှာပေါ့။

ဒီလိုဘာဖြစ်လို့ဖြစ်သွားရလဲဆိုတော့ Windows 8 မှာ သုံးတဲ့ file format က REFS ( Resilient File System) လို့ခေါ်ပြီးအခု ကျွန်တော်အများစု windows XP,vista,7 မှာ အသုံးပြုတာက
New Technology File System (NTFS) ဖြစ်တဲ့ အခါမှာ ကျွန်တော် windows 8 ကို install လုပ်လိုက်
တဲ့အခါမှာ windows 8 ရဲ့ REFS file format က ကျွန်တော်ရဲ့ format မလုပ်တဲ့ D drive ကို မပြောင်းဘဲ
RAW အနေနဲ့ သက်မှန်လိုက်တာဖြစ်ပါတယ် ဒါကြောင့် ကျွန်တော် windows 7 ကို ပြန်တင်ပေမဲ့လဲ
လုံးဝမပေါ်ဘဲ ဤကဲ့သို့ Raw ဖြစ်နေရခြင်းဖြစ်ပါတယ်။


ဆိုတော့ windows 8 တင်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးက ကိုယ့်ရဲ့ လိုအပ်သမျှ Data တွေကို
backup လုပ်ထားပြီး partition အားလုံးကိုပါ format ချပြီးမှ အသုံးပြုရင်ကောင်းမယ်လို အတွေ့အကြုံအရ
အကြံဥာဏ်ပေးလိုက်ပါတယ် ခင်ဗျာ...


SBSangpi(စံပီး)

ဝါယာမလို လျှပ်စစ် (wireless Electricity)

 

ဒီနေ့ဘဲ website တွေလျှောက်ဖတ်ရင်းနဲ့ (wi-tricity) လို့ခေါ်တဲ့ Wireless Electricity ကိုတွေ့လိုက်မိတယ်။
မြန်မာပြည်မှာ မီးတွေတော့မမှန်သေးပေမဲ့ သိထားရင်မမှားပါဘူး ဒီ Wi-Tricity ကို ရှင်းပြထားတဲ့
Video လေးကိုဘဲ ကြည့်လိုက်ပါ အားလုံးရှင်းလင်းသွားပါမယ်။



SBSangpi(စံပီး)
Posted by

Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၂)


မန္တလေးမှငန်းကလေး လို့အမည်ပေးထားပါတယ်……….
အခု သင်ခန်းစားလေးကို အောက်မှာ ပေးထားတဲ့ပုံ(၃)ပုံကို အသုံးပြုပြီး ဒီဇိုင်းတစ်ခုလုပ်ကြည်ပါမယ်-
ပုံ(၁)

ပုံ(၂)
ပုံ(၃)
နောင်ဆုံးရရှိမည့်ပုံ
စလိုက်ကြရအောင်…..
ထုံးစံအတိုင်းပေါ့…ပုံ(၁)မှ(၃)အထိကို သင့်စက်ထဲ ဒေါင်းလိုက်ပါ။
အဆင့်(၁)
ပုံအမှတ်(၁)ကို Adobe Photoshop သုံးပြီးဖွင့်လိုက်ပါမယ်။
အဆင့်(၂)
Inage Menu က Duplicate ကိုရွေးလိုက်ပါ။
Dialog box ကျလာရင် MyDesign3 ဆိုပြီး အမည်ပေးပြီး OK လုပ်ပါ။

အဆင့်(၃)
ပုံ(၂)ကို ဖွင့်လိုက်ပါ။
အဆင့်(၄)
Window menu ကိုသွားပြီး Arrange ကတစ်ဆင့် Tile Vertically ကိုရွေးလိုက်ပါ။
အဆင့်(၅)
Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။
Keyboard က Shift ကို နှိပ်ထားပြီး စုံတွဲပုံလေးကို ဖိဆွဲပြီး ဘယ်ဖက်က ကျုံးရေပြင်ပေါ်ကို တင်လိုက်ပါ။
ကျုံးရေပြင်ပေါ်ကို အောက်ပါပုံအတိုင်းရောက်သွားပါမယ်။

Layer Palette မှာ Layer 1 ဆိုပြီး Layer အသစ်တစ်ခုပေါ်လာပါမယ်။
ညာဖက်က စုံတွဲပုံကို ပိတ်လိုက်ပါ။
အဆင့်(၆)
Magic Wand Tool ကို ရွေးလိုက်ပါ။ ပုံပေါ်က အဖြူကွက်မှာ Click လုပ်လိုက်ပါ။
Delete Key ကို နှိပ်ပါ။
Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။
အဆင့်(၇)
ပုံ(၃)ကိုဖွင့်ပါ။
Window menu ကိုသွားပြီး Arrange ကတစ်ဆင့် Tile Vertically ကိုရွေးလိုက်ပါ။

အဆင့်(၈)
Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။
Keyboard က Shift ကို နှိပ်ထားပြီး ငန်းပုံလေးကို ဖိဆွဲပြီး ဘယ်ဖက်က ပုံပေါ်ကို တင်လိုက်ပါ။
အောက်ပါပုံအတိုင်းရောက်သွားပါမယ်။

Layer Palette မှာ Layer 2 ဆိုပြီး Layer အသစ်တစ်ခုပေါ်လာပါမယ်။
ညာဖက်က ငန်းပုံကို ပိတ်လိုက်ပါ။
အဆင့်(၉)
Magic Wand Tool ကို ရွေးလိုက်ပါ။ Tolerance ကို 15 ပေးလိုက်ပါ။
ပုံပေါ်က အပြာရောင်ပေါ်မှာ Click လုပ်လိုက်ပါ။

Delete ကို နှိပ်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။
အဆင့်(၁၀)
Hand Tool ကို Double Click လုပ်ပါ။
Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။
ငန်းပုံကို အောက်ပါအတိုင်းနေရာရွှေ့ပါ-
အဆင့်(၁၁)
Image menu က Adjustments သွားပြီး Color Balance ကိုရွေးလိုက်ပါ။ Ctrl + B ကို နှိပ်လည်း ရပါတယ်။
အောက်ပါအတိုင်း Box တစ်ခု ကျလာပါမယ်-
Color Level ကို +73 , -43 , -85 ပြောင်းပြီး OK လုပ်ပါ။
အောက်ပါအတိုင်းငန်းပုံလေးအရောင်ပြောင်းသွားပါမယ်-
ဒီအဆင့်မှာ လုပ်တဲ့ Color Balance ကို မိမိနှစ်သက်ရာ ပြောင်းပြီး ဆောင်ရွက်ကြည်စေလိုပါတယ်။
အဆင့်(၁၂)
Layer က Flatten Image ကို ရွေးချယ်ပေးပါ။
Layer တွေအားလုံးပေါင်းသွားပြီး Background ဖြစ်သွားပါမယ်။
Tool Box က Clone Stamp Tool ကိုရွေးလိုက်ပါ။ S ကို နှိပ်လည်းရပါတယ်။
Brush Size ကို 35 ထားပါ။
ပုံရဲ့ ညာဘက် အောက်ထောင့် A စာလုံးနေရာလောက်ကို Alt Key နှိပ်ထားပြီး Click လုပ်ပါ။
Alt ကို လွှတ်လိုက်ပြီး အပေါ်ဖက်က ငန်းအမြီးလေး ကို အပင်တွေဖုံးသွားတဲ့ပုံအဖြစ် ပွတ်ပြီးဆွဲပေးပါ။
Save လုပ်ပြီးသိမ်းလို့ရပါပြီ။
http://www.aktnml.blogspot.com/

နည်းပညာကြွယ်ဝနိုင်ကြပါစေ
ကိုရင်ကျော်
(၄-၁၂-၂၀၁၁)(၀၄း၂၀)နာရီ