Monday 26 November 2012

အွန်လိုင်မှ ငွေရှာနည်း


Publishers (website တည်ထောင်သူများ)

သင်၏ website (သို့) parked-domain တွင် AdInnwa မှာ ကြော်ငြာများ ထည့်သွင်းခြင်းဖြင့် ၀င်ငွေ ရှာနိုင်ပါသည်။ 'What we do' page တွင် ဖော်ပြထားသကဲ့သို့ AdInnwa မှ ၀န်ဆောင်မှုပေးသော Ad model များမှာ CPC (Cost Per Click) နှင့် CPA (Cost Per Action) တို့ ဖြစ်ပါသည်။
ကိုယ်ပိုင် website ရှိတယ်၊ AdInnwa ရှိတယ်။

CPC ကြော်ငြာထည့်သွင်းခြင်း

Website တည်ထောင်သူများက မိမိတို့ website နှင့် သင့်လျော်သော ကြော်ငြာပုံစံ (Ad Format) ကိုရွေးချယ်ပြီး AdInnwa system မှ generate လုပ်ကာ ရရှိလာသော code weight ကို သင့်လျှော်ရာ coding ပိုင်းတွင်ထည့်သွင်းရုံဖြင့် site ပေါ်တွင် အလိုအလျှောက် ကြော်ငြာပေါ်လာမည်ဖြစ်သည်။ ထိုကြော်ငြာများကို website user များ click နှိပ်ပါက Ad impression ပေါ်မူတည်၍ ကြော်ငြာခ ရပါမည်။

CPA ကြော်ငြာထည့်သွင်းခြင်း

Site တည်ထောင်သူများမှာ ကြော်ငြာထည့်သွင်းရုံ၊ ထိုကြော်ငြာများသို့ user များ click နှိပ်ရုံဖြင့် ပိုက်ဆံရမည် မဟုတ်ပါ။ ထိုကြော်ငြာများမှ တစ်ဆင့် ကြော်ငြာထည့်သွင်းသူ လုပ်စေချင်သော action တစ်ခုကို user များလုပ်မှသာ site တည်ထောင်သူ အနေဖြင့် အကျိုးအမြတ်ရရှိမည်ဖြစ်သည်။ ထို action များမှာ user များ e-commerce site များတွင် ဈေးဝယ်ခြင်း၊ member register ပြုလုပ်ခြင်း၊ newsletter signup ပြုလုပ်ခြင်းများ ဖြစ်နိုင်ပါသည်။
Website တည်ထောင်သူများက မည်သည့် CPA program ထည့်သွင်းမည်ကို ရွေးချယ်ပြီး join ရန်လိုအပ်သည်။ CPA ကြော်ငြာများသည် CPC ကဲ့သို့ အလိုအလျှောက် site ပေါ်တွင် ပေါ်လာမည်မဟုတ်ပါ။ Website တည်ထောင်သူမှ CPA တစ်ခုကို join ပြီဆိုလျှင် ထို CPA ပိုင်ရှင်ဖြစ်သော ကြော်ငြာထည့်သွင်းသူမှ လက်ခံရန်လိုအပ်သည်။ ကြော်ငြာထည့်သွင်းသူ လက်ခံမှသာ ထို CPA ကြော်ငြာသည် website တည်ထောင်သူမှ သူ၏ site တွင် ထည့်သွင်းနိုင်မည်ဖြစ်သည်။
ဥပမာ။     ။ သင်က Hotel booking website တစ်ခုလုပ်ထားပြီး CPA နှင့် ပိုက်ဆံရှာမည်ဆိုပါစို့။ သင်၏ website တွင် Hotel လုပ်ငန်းများ နှင့် ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်သော CPA ကိုသာ သင်ထည့်ချင်မှာပါ။ ထို Hotel CPA, Travel CPA များထဲမှ commission ပိုပေးသော CPA များကိုသာ သင်က ပိုစိတ်ဝင်စားမှာပါ။ ထို့ကြောင့် သင်က ထို CPA များကိုသာ join ပြီး ကြော်ငြာရှင်က လက်ခံ (approve) ဖြစ်သည်နှင့် သင်က ထို CPA code widget ကို သင့် website တွင်ထည့်သွင်းနိုင်ပါသည်။

Account မှ ပိုက်ဆံထုတ်ခြင်း

website တည်ထောင်သူများ မိမိ account ထဲတွင် 30,000 Kyats သို့ US$40 ရရှိပြီဆိုပါက ပိုက်ဆံထုတ်ယူနိုင်ပါသည်။ ပိုက်ဆံထုတ်ယူရာတွင်
  • International Bank Account Number (IBAN) ရှိပါက International bank account များသို့ transfer ပြုလုပ်နိုင်ခြင်း
  • PayPal သို့ transfer ပြုလုပ်နိုင်ခြင်း
  • ထို service များအသုံးမပြုနိုင်ပါက ရန်ကုန်တွင် လူကိုယ်တိုင် မြန်မာကျပ်ငွေဖြင့် ပိုက်ဆံထုတ်ယူနိုင်ခြင်း တို့ ဖြင့် လွယ်ကူအဆင်ပြေစေရန် စီစဉ်ထားပါသည်။

Plug and Play

AdInnwa ၏ ကြော်ငြာ code အား သင်၏ website သို့ ထည့်သွင်းခြင်းမှာ လွန်စွာ လွယ်ကူလှပါသည်။ မည်သည့် site ၊ မည်သည့် platform (ဥပမာ - static HTML, PHP, JSP, ASP, .NET) တွင်မဆိုထည့်သွင်း နိုင်ပါသည်။
သင်၏ Publisher account သည် active ဖြစ်ပြီဆိုသည်နှင့် account ထဲတွင် CPC သို့ CPA ကို ရွေးချယ်ပြီး သင့် website နှင့် သင့်လျှော်သည့် Ad format ၏ကြော်ငြာ code ကို generate လုပ်နိုင်မည်ဖြစ်သည်။ ထိုကြော်ငြာ JavaScript code ကို သင့် website ၏ Persentation layer ဖြစ်သော template, theme, HTML code ၏ သင့်လျှော်ရာနေရာတွင် ထည့်သွင်းသည်နှင့် AdInnwa ၏ ကြော်ငြာပေါ်လာမည်ဖြစ်သည်။
ထိုကြော်ငြာများကို သင့် site ၏ user များစတင် click နှိပ်ချိန်မှစ၍ AdInnwa system ၏ report တွင် ကြော်ငြာ၏ impression မည်မျှရှိသည်၊ user မည်မျှ click နှိပ်သည်၊ သင် တစ်ရက် ပိုက်ဆံ မည်မျှရှာနိုင်သည် စသည့် report များ ကြည့်ရှုနိုင်မည်ဖြစ်သည်။

Publisher အတွက် အကျိုးကျေးဇူးများ

  • သင်၏ ကိုယ်ပိုင် website တွင် လွယ်ကူစွာ ပိုက်ဆံရှာနိုင်ခြင်း
  • ရင်းနှီးမြှုပ်နှံစရာမလိုသော စီးပွားရေးဖြစ်ခြင်း
  • သင့် site မှ ကြော်ငြာများသည် ၂၄ နာရီနှင့် ၇ ရက်ပတ်လုံး သင့်အတွက် ပိုက်ဆံရှာပေးနေခြင်း
  • Ad format များ အမျိုးမျိုးရှိသောကြောင့် သင့် site ကို ပုံစံမပျက်ဘဲ သင့် site နှင့် သင့်လျော်ရာ Ad format ကို ထည့်သွင်းနိုင်ခြင်း
  • AdInnwa system သည် responsive web design ဖြင့်ဖန်တီးထားသောကြောင့် Smart phone များ၊ Tablet များမှ အသုံးပြု (သို့) report များကြည့်ရှုနိုင်ခြင်း
  • အဆင်ပြေလွယ်ကူစွာ ငွေထုတ်ယူနိုင်ခြင်း

Ad Formats

AdInnwa တွင် အသုံးပြုသော Ad format များမှာ
  • Skyscraper – 120px width နှင့် 600px height
  • Banner – 468px width နှင့် 60px height
  • Medium Rectangle – 300px width နှင့် 250px height
  • Small Square – 200px width နှင့် 200px height
  • Leaderboard – 728px width နှင့် 90px height
  • Wide Skyscraper – 160px width နှင့် 600px height
Ad format များ ဥပမာ ကြည့်ရန် ဤနေရာနှိပ်ပါ

Screenshots



Join AdInnwa as a Publisher

AdInnwa သို့ website တည်ထောင်သူ (publisher) အနေဖြင့် (join) လျှောက်တင်ခြင်းမှာ အခမဲ့ ဖြစ်ပြီး အခုချက်ချင်း Publisher account ဖွင့် နိုင်ပါသည်။
လိုအပ်သော information များ ရရှိရန်နှင့် AdInnwa system အား အလွဲသုံးစား မပြုလုပ်စေရန် sign-up အဆင့် ၂ ခုအား ပြီးမြောက်အောင်ပြုလုပ်ရန်လိုအပ်ပါသည်။
website တည်ထောင်သူ အနေဖြင့် Join ရန်

No comments:

Post a Comment