Wednesday 28 November 2012

Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၅)


ကျွန်တော်တင်ပြခဲ့တဲ့ သင်ခန်းစာလေးတွေကို လက်တွေ့လိုက်လုပ်ရင်း အကျိုးရှိတယ်ဆိုတာလေးတွေ သိရလို့ အထူးဝမ်းသာပါတယ်။ ကျွန်တော်တင်ပြပေးရတဲ့ရည်ရွယ်ချက်ကလည်း တစ်ထောင်မှာ တစ်ယောက် အသက်မွေး ၀မ်းကျောင်းအတွက် အထောက်အပံ့ရသွားရင် ကျွန်တော်အပင်ပန်းခံပြီး တင်ပြရကျိုးနပ်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီလိုတင်ပြတဲ့အခါ အခြေခံနည်းစနစ်လေးတွေကို အရင်တင်ပြသွားပါတယ်။ ဒီအခြေခံနည်းစနစ်ကလေးတွေကပဲ နောက်တင်ပြပေးမယ့် သင်ခန်းစာတွေအတွက် အထောက်အကူအများကြီးရနိုင်ပါတယ်။ ရည်ရွယ်ထားတာကတော့ ဒီဇိုင်းဆွဲပြီး ကြော်ငြာတွေဖန်တီးနိုင်တဲ့အဆင့်အထိ တင်ပြပေးသွားပါမယ်။
အခုတင်ပြမယ့်သင်ခန်းစာလေးကတော့ Text Effect သင်ခန်းစာလေးဖြစ်ပါတယ်။
ဒီပုံလေးရအောင် အဆင့်ဆင့်ဆောင်ရွက်ပုံလေးကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ အခုသင်ခန်းစာလေးတွေကို ပေါ့ပေါ့ပါးပါးလုပ်လို့ရအောင် Resolution ကို 72 ထားပြီး ဆောင်ရွက်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင် တော့ ဒီထက်ပိုပြီး Resolution ကိုထားရပါမယ်။

အဆင့်(၁)
Adobe Photoshop ထဲဝင်လိုက်ပါ။ File menu က New (Ctrl+N)ကိုရွေးလိုက်ပါ။
အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ပြီး OK ကို Click လုပ်ပါ။

Name – Text Effect
Width – 7 inches
Height - 7 inches
Resolution – 72
Background Content - White
Tool box က Custom Shape Tool ကိုရွေးပါ။
Shade Style ထဲက အသည်းပုံလေးကို ရွေးလိုက်ပါ။
Window Menu က Style ကို ရေးလိုက်ပါ။
အောက်ပါအတိုင်း Style Box လေးပေါ်လာပါမယ်။
Style Box ထဲက ပထမတန်းက ဒုတိယ Style ကိုရွေးလိုက်ပါတယ်။ (သင်နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။)
Work Area ထဲမှာ အောက်မှာပြထားတဲ့အတိုင်း Mouse ကို ဘယ်ဖက်ထိပ်ကနေ ညာဖက်အောက်ထောင့်ကို ဆွဲယူလိုက်ပါ။
Layer Palette မှာ အောက်ပါအတိုင်းတွေ့ရပါမယ်။
Layer တွေကို ပေါင်းဖို့ Layer Palette က Flatten Image ကိုရွေးချယ်ပါ။

အောက်ပါအတိုင်း Layer ပြောင်းသွားပါမယ်။
အဆင့်(၂)
Layer Menu ထဲက Duplicate Layer… ကိုရွေးလိုက်ပါ။

As နောက်မှာ Heart လို့ရိုက်ထည့်ပြီး OK ကို Click လုပ်ပါ။

Layer Palette မှာ အောက်ပါအတိုင်းတွေ့ရပါမယ်-
Magic Wand Tool ကို ရွေးချယ်ပါ။ Tolerance ကို 40 ထားပါ။

အဖြူကွက်မှာ Click လုပ်ပါ။
Keyboard က Delete Key ကို နှိပ်ပါ။
Select Menu က Inverse ကိုရွေးပါ။
အောက်ပါအတိုင်းတွေ့ရပါမယ်-
Keyboard က Delete Key ကို နှိပ်ပါ။ Layer Palette မှာ အောက်ပါအတိုင်းတွေ့ရပါမယ်-

အဆင့်(၃)
Layer Tab ညာဖက်က Paths ကို Click လုပ်ပါ။

Make work path from selection ကို Click လုပ်ပါ။
Horizontal Type Tool (T) ကို Click လုပ်ပါ။
အောက်တွင်ပြထားသည့်အတိုင်း အသည်းပုံ၏ အပေါ်ဖက် အလယ်အတွင် Click လုပ်ပါ။ Cursor ကလေး စောင်းလျက်ပေါ်လာပါမယ်။
Font ကို Times New Roman နဲ့ Size 20 pt ရွေးပါမယ်။
SHWEMYOTAW လို့ ရိုက်ပါမယ်။ Ctrl+A ကို နှိပ်ပါမယ်။ Ctrl + C ထပ်နှိပ်ပါမယ်။ Ctrl + V ကို ဆက်တိုက်နှိပ်သွားရင် အောက်ပါအတိုင်း ရရှိလာပါမယ်။
Move tool ကို Click လုပ်ပါ။ Layer ကိုကြည့်လိုက်ပါ။ အောက်ပါအတိုင်းတွေ့ရှိရပါမယ်။
Background layer ကို ဖျောက်လိုက်မယ်ဆိုရင်အောက်ပါအတိုင်းတွေ့ရပါမယ်။
မိမိနှစ်သက်တဲ့ဓာတ်ပုံများနဲ့လည်း ဖန်တီးနိုင်ပါမယ်။ မိမိဥာဏ်ရှိသလို လိုအပ်တဲ့နေရာတွေမှာ ထည့်သွင်းပြီး ဒီဇိုင်းများဖန်တီးပေးနိုင်ရန် တင်ပြပေးလိုက်တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ ဒီဇိုင်းရေးဆွဲနည်းကတော့ အခြေခံအဆင့်လောက်ပဲရှိသေးတာပါ။ အဆင့်မြင့် နည်းပညာတွေကိုလည်း ဆက်လက်ရေးသားတင်ပြပေးသွားဦးမှာဖြစ်ပြီး အခြေခံသင်ခန်းစာ တွေကိုလည်း ဆက်လက်တင်ပြပေးသွားပါမယ်။
http://www.aktnml.blogspot.com/
နည်းပညာကြွယ်ဝနိုင်ကြပါစေ
ကိုရင်ကျော်
(၁၀-၁၂-၂၀၁၁)(၁၆း၃၀)နာရီ

No comments:

Post a Comment